မယ်တော် ဆေးခန်း၏ အနာဂတ်ပြသနာ

ထိုင်းနိုင်ငံ မဲဆောက် ခရိုင်တွင် အခြေချနေသော လူထု အခြေပြု ကျန်းမာရေး ဆေးခန်းဖြစ်သည့် မယ်တော်ဆေးခန်းသည် ယခုအချိန်တွင် လာရောက် ကုသသည့် လူနာများ နည်းလာသလို၊ဆေးခန်း၌ တာဝန် ထမ်းဆောင်နေသော ဆေးဝန်ထမ်း များလည်းတဖြည်းဖြည်း လျှော့နည်း လာနေသည်ဟု မယ်တော်ဆေးခန်းမှ တာဝန်ရှိသူ စောခလို့ထူးက ဆိုပါသည်။


မယ်တော် ဆေးခန်းသည် ပြည်တွင်း၌ ဆေး တာဝန် ထမ်းဆောင် လိုသော ၀န်းထမ်းများအား ခွင့်ပြုချက်ပေးနေသလို လိုအပ်သော ဆေးပစ္စည်းများနှင့် ဆေးသင်တန်းများလည်း ထောက်ပံ့ပေးသွားရန် ကြိုးစားနေပါသည်။ မယ်တော်ဆေး ခန်းအား အကူအညီပေးနေသောြွဥ များလည်း ပြည်တွင်းသို့ ၀င်ရောက်ပြီး အစိုးရ၏ ခွင့်ပြုချက်နှင့် ၀င်ရောက်လုပ်ကိုင်ခွင့် ရခဲ့ရလာ ခဲ့ပါသည်။ ဤသို့ကြောင့် မယ်တော်၏ အနာဂတ် ရပ်တည်ရေးသည်လည်း အခက်ခဲဖြစ်လာခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

မယ်တော်ဆေးခန်းသို့ ရောက်ရှိလာ နေကြသော ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမား များသည် ယခုချိန်၌ အလုပ်လုပ်ခွင့် ပတ်စပို့ဖြင့် ထိုင်းနိုင်ငံတွင် တရားဝင် နေထိုင်ခွင့် ရလာနေကြပါသည်။ ဤသို့ကြောင့် ထိုင်းဆေးရုံများ၌ တရားဝင်ကုသခွင့် ရလာကြသဖြင့် ထိုသူများသည် သာမာန်ရောဂါလောက်ဖြင့် ယခင်ကလို မယ်ဆော်ဆေးခန်းသို့ မသွားကြတော့ဘဲ ထိုင်းဆေးရုံများ ၌သာ ကုသကြပါသည်။ ဤအခြေအနေကြောင့် မယ်တော်သို့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ အရောက်နည်းလာခြင်း ဖြစ်ပါသည်။

“ အခုရောက်လာတဲ့ လူနာတွေ ကတော့ ရေရှည်ရောဂါဖြစ်တဲ့ကျောက်ကပ်၊နှလုံးနဲ့ ပတ်သတ်သည့် ရောဂါ၊ ဆီးချို၊ ဟိုမုန်းရောဂါ၊ မွေးရာပါ ရောဂါဖြစ်တဲ့ ခေါင်းကြီးတာတို့အသည်းမပြည့်စုံခန္ဓာကိုယ်မပြည့်စုံတာတို့လေဖြတ်ရောဂါ တို့ဘဲ ရောက်လာတာများတယ်။”

ထို့အပြင်ပြည်တွင်းမှ ကျန်းမာရေးစရိတ် မတတ်နိုင်သော မြန်မာများလည်း အရင်ကထက်စာလျှင် အရောက်နည်းလာ ပါသည်။ ထိုလူနာများသည် ရေတိုရောဂါဖြစ်သည့် လမ်းစရိတ် ပြသနာများကြောင့် အအေးမိခြင်း၊ ချောင်းဆိုး၊ နှားစေး၊ ကိုယ်လက် ကိုက်စသည့် တော်ရုံ ရောဂါဆိုလျှင် မယ်တော်ဆေးခန်းကို မလာကြတော့ပေ။ နီးစပ်ရာ ဆေးမြီးတို များနှင့်သာ ကုသ ကြသည့် အတွက်ကြောင့်ဖြစ်သည်။ ထိုတင်မက ငှက်ဖျားရောဂါသည် များသည်လည်း ယခင် ကလောက် လာရောက်ကုသမှုများ မရှိတော့ချေ။ ထို့ကြောင့် ရွေ့ပြောင်း မြန်မာအလုပ်သမားများနှင့် ပြည်တွင်း လူနာများ အရောက် နည်းလာခြင်း ဖြစ်သည်ဟု လူနာ ရှင်များမှသိ ရပါသည်။

“အ ရင်လိုတော့ မယ်တော်ကိုမလားတော့ဘူးပေါ့ ရောဂါ နည်းနေမယ်ဆိုရင်တော့ အပြင်ဆေးပဲ ၀ယ် သောက်လိုက် တယ်။ အပြင်မှာပဲ ရတဲ့ဆေးကို သောက်တယ် သက်သာရင် မယ်တော်ဆေးခန်းကို မသွားတော့ဘူးလေး။ ငှက်ဖျားဆို ရင်လည်း ကျမတို့နဲ့ နီးတဲ့ ထိုင်းဆေးပေးခန်းတွေက အလကား ကုပေးတယ်ဆိုတော့ အဝေးကိုမသွားရလို့ ကားခ တွေသက်သာတာပေါ့ ဒီမှာကုလို့ မသက်သာတော့မှ မယ်တော်ကို သွားကြတယ် လို့” ပြောပါသည်။

မယ်တော်သို့ လစဉ်ရောဂါသည် တသောင်းခွဲခန့် ရောက်နေရာမှ ယခုအချိန်တွင် ထောင်ဂဏန်းခန့်သာ ရှိတော့သည်ဟု ဆိုပါသည်။

မယ်တော်ဆေးခန်းသို့ ရောက်ရှိလာသော လူနာများထဲမှ အများအားဖြင့် နာတာရှည် ရောဂါသည်များက ပိုများလာပါ သည်။ အထူးသဖြင့်ြွှ ရောဂါသည်များ ဖြစ်ပြီး တနှစ်ထက် တနှစ်ပိုများလာခဲ့ခြင်း ဖြစ်ပါသည်။ မယ်တော်သည်ြွှ ရောဂါသည်များကို ကုသပေးခြင်း မရှိသည့် အခြေအနေ၌ ရှိနေသော်လည်း ၄င်းလူနာများအတွက် အကူအညီဖြစ်စေ သော လိုအပ်သည့် အကြံဥာဏ်များ ပေးနေပါသည်။

“ြွှ ရောဂါနဲ့ ပတ်သတ်ပြီးကျနော်ပြောချင်ပါတယ်မယ်တော်ဆေးခန်းကို လာတဲ့ လူနာတွေထဲမွှြှာ ရောဂါသည် နဲ့ပတ်သက်ပြီး သံသယဖြစ်စရာ လူနာတွေက ပိုများလာပါတယ်။ခက်တာကြွှ ရောဂါကိုကုသ ဖို့အတွက်ကျနော်တို့ဘက်ကလည်းမတတ်နိုင်ဘူးလေ။အရင်ကလို ထိုင်းဆေးရုံကို မပို့ပေးနိုင်တော့ဘူးလေး။ပို့ဖို့ဆိုတာ ကလည်းကုန်ကျစ ရိတ်ကများတော့မယ်တော်ဆေးခန်းကအရင်ကလောက်မတတ်နိုင်တော့ဘူး ဖြစ်နေတယ်။” ဟု ဆိုပါသည်။

မယ်တော်သည် မိမိတို့ထံသို့ ရောက်ရှိလာသော ပြည်တွင်းလူနာများနှင့်ပတ်သက်သည့် တာဝန်ပိုင်းများကို မြန်မာအ စိုးရ၏ငြိမ်းချမ်းရေးအဖွဲ့နှင့်  တွေ့ဆုံဆွေးနွေး ခဲ့ဘူးပါသည်။အထူးသဖြငွှ့်ြ ရောဂါသည်နှင့် ပတ်သက်ပြီးအစိုးရ ဆေးရုံ၌ ဆေးရရှိနိုင်ကြောင်း အစိုးရ၀န်ကြီးများက ဂတိပြု ပြောဆိုခဲ့ပါသည်။ သို့သော်လက်တွေ့တွင် မည်သည့်ဆေးမှ အခမဲ့ရရှိခဲ့ခြင်းမရှိ ကြောင်း မယ်တော်သို့ ရောက်ရှိလာခဲ့ကြသွေြှာ လူနာသည်များက ပြောပါသည်။ ဤကဲ့သို့ စနစ် တကျကုသခွင့် မရရှိကြသွေြှာ ရောဂါသည်များကြောင့် ကူးစက်မှု များလာရခြင်း ဖြစ်နိုင်ကြောင်း မယ်တော် ဆေးဆရာက ခန့်မှန်းခဲ့ပါသည်။ မယ်တော်သည်ြွှ ရောဂါကဲ့သို့ နာတာရှည် ရောဂါများကို လက်ခံ ကုသခြင်းမရှိပေ။

“ ဥပမာ- ပြည်တွင်းကလူနာဆိုရင်ပြည်တွင်းဆေးရုံးကြီးတွေမွှြှာ ရောဂါသွားပြကြဖို့ဆေးတောင်း ကြ ဖို့တော့ ပြောပြတယ်။အဲဒီလိုပါဘဲ ကျနော်တို့ဆီမှာ ငြါမညေအ တွေကများတယ်ဆိုတော့ထိုင်းမှာအလုပ်လုပ်ခွင့် တရားဝင် ကဒ်ရထားတဲ့သူတွေကိုထိုင်းဆေးရုံတွေမှာဘဲသေချာအောင် စစ်ဆေးဖို့နွဲြှ့ ဆေးတောင်းခံဖို့တော့အမြဲတမ်းအကြံပြုပေးပါတယ်။”

မယ်တော်ဆေးခန်းကို လာသည့် လူနာများထဲမြွှ ရောဂါသည်ဟု ဆေးဆရာများ၏ သံသယ ဖြစ်စရာလူနာသည်တစ်နှစ်လျှင်၁၂၀ကျော်ရှိခဲ့ပါသည်။၎င်းတို့သည်ြွှ  ရောဂါဖြစ်ရန်၈၀ရာနှုန်းသေချာသောလူနာများသာဖြစ် ပါသည်။  ထိုအထဲမှ ယခုနှစ်တွင် ရောက်လာသော သံသ ယဖြစ်စရွြှာ ရောဂါသည်ကပိုပြီးများသည်ဟု ဆိုခဲ့ပါ သည်။

နှုန်းထားအရ ပြောရမည်ဆိုပါကမယ်တော်သို့ရောက်လာသွေြှာ ရောဂါရှင်များ အရေအတွက်ထဲ၌ပြည်တွင်းနှင့်ထိုင်းနိုင်ငံရောက်ရောဂါသည်များသည်တ၀က်စီ ရှိခဲ့ကြောင်း တွေ့ရသည်ဟုဆိုပါသည်။

မယ်တော်ဆေးခန်း အခြေအနေ

မယ်တော်ဆေးခန်းသည်မြန်မာပြည်တွင်းသို့ဝင်ရောက်အခြေချရန်အစီစဉ်မရှိဟုဆိုပါသည်။သို့သော်မယ်တော်ဆေးခန်းဝန်းထမ်းများ အနေဖြင့်မိမိတို့ရပ်ရွာသို့ပြန်ပြီး ကျန်းမာရေး စောင့်ရှောက်လိုပါကပြန်ခွင့်ပြုကြောင်း ဆိုပါသည်။

လိုအပ်သည့် ဆေးပစ္စည်းတချို့ကိုထောက်ပံ့ပေးပြီး လိုအပ်ပါကဆေးသင်တန်းပေးခြင်းကိုပါစဉ်းစားသွားမည်ဟုမယ်တော်ကဆိုပါသည်။

“ မယ်တော်ကလည်းမြန်မာပြည်ထဲမှာ ဖြစ်တဲ့ အခြေအနေပေါ် မူတည်ပြီး ဒေသခံတွေရဲ့ တင်ပြချက်တွေ အပေါ်မှာ စောင့်ကြည့်နေဆဲပါ။မယ်တော်ဘက်ကလိုအပ်ရင်သင်တန်းပေးတာဘဲ ဖြစ်ဖြစ် စည်းရုံးရေးအရဘဲဖြစ်ဖြစ်ကူညီ ပေးတာပေါ့။” ဆိုပါသည်။

မယ်တော်ဆေးခန်း၏ အနာဂတ်သည် ဆေးဝန်ထမ်းများအပေါ် လုပ်ငန်းအာမခံချက် မပေးနိုင်တော့သည့် အခြေအနေ သို့ ရောက်ရှိလာနေပါသည်။ ဤသို့ကြောင့် ဆေးဝန်ထမ်းများသည်လည်း အနာဂတ်အရေးအတွက် မျှော်ကိုးပြီးမိမိတို့ ၏ ရပ်ရွာ သို့ ပြန်ပြီး ကျန်းမာရေးစောင့်ရှောက်ရန် ပိုပြီး စိတ်ဝင်စားလာ နေကြခြင်းဖြစ်ပါသည်။

သို့သော် မယ်တော်သည် ယနေ့အချိန်အထိ ၀န်းထမ်းလျှော့ ချသည့် အစီစဉ် မရှိသေးကြောင်း ဆိုပါသည်။ သို့သော် ၀န်ထမ်းများကသာ မိမိတို့၏ တစ်ဦးချင်း ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် မယ်တော်ကနေ ထွက်သွား ခဲ့ကြပါသည်။

မယ်တော်သည် ၄င်းတို့၏အဆင့်မြင့် ဆေးဝန်ထမ်းများကို တဦးလျှင် နေစရိတ်၊ စားစရိတ်၊ ဆွေမျိုးစရိတ်၊ရေခ၊မီးခ မပါဘဲ လစဉ် ထိုင်းဘတ်ငွေ (၃၀၀၀)ထောက်ပံ့ထားပါသည်။  သို့သော်မကြာတော့ သည့် ရှေ့ကာလတွင် ဤနှုန်း အတိုင်း ပေးတော့မည်မဟုတ်ဘဲ လစာသက်သက်သာ ပေးတော့မည် ဖြစ်ပါသည်။ ယခင်ကဲ့သို့ နေစရိတ်၊ ဆွေမျိုး စရိတ်၊ ရေခ မီးခ များ သီးခြားပေးတော့မည် မဟုတ်ချေ။ သို့သော်လည်း  ဆေးဝန်ထမ်း တစ်ဦးလျှင် မည်ကဲ့သို့ မည်မျှ ပေးရမည်ကို မဆုံးဖြတ်နိုင်ဘဲ အလှူရှင်များနှင့် ညှိနှိုင်း စီစဉ်နေရဆဲ ဖြစ်ပါသည်။

မယ်တော်ဖြေရှင်းနေရသည့် သင်္ချိုင်းပြသနာ
မယ်တော်ဆေးခန်းသို့ ရောက်လာကြသည့် လူနာများထဲတွင် နာတာရှည်ရောဂါနှင့် ရောဂါကျွမ်းသည့် လူနာက ပိုများ လာပါသည်။ မယ်တော်ဆေးခန်း၏ သက်တမ်းသည် နှစ်ပေါင်းနှစ်ဆယ်ကျော်လာခဲ့ပြီး ဖြစ်ပါသည်။ သေဆုံးသည့် လူနာများလည်း ရာပေါင်းများစွာ ရှိခဲ့ပါသည်။ မယ်တော်သည် ထိုင်းနိုင်ငံ၏ တရားဝင် ဆေးခန်းမဟုတ်ချေ။ နားလည် မှုအရ ခွင့်ပြုထားခြင်း ဖြစ်ပေသည်။ ဤသို့ကြောင့် သေဆုံးလူနာအတွက် သက်ဆိုင်ရာထိုင်း အာဏာပိုင်များက နား လည်မှုဖြင့် သင်္ဂျိုင်းမြေနေရာ ထားရှိပေးခဲ့သော်လည်း ရေရှည်လာသည်နှင့်အမျှ ဒေသခံ ထိုင်းလူထုများနှင့် ပြသနာ ဖြစ်လာခဲ့ပါသည်။

“ အဓိကကတော့သေရေးကိစ္စပါပဲရှင်ရေးကတော့ဆေးခန်းပြလို့ ရပါတယ်။ဒီမှာရောက်လာတဲ့ လူနာကိုကနာတာ ရှည်တွေရောဂါကျွမ်းပြီးကုလို့မရမှ ရောက်လာကြတယ် ဆိုတော့သေတဲ့လူနာတွေလည်းများပါတယ်။အဲဒီလူတွေ အတွက်ကိုလည်းမယ်တော်ကပဲ စီစဉ်ပေးရတယ်လေ။ကျနော်တို့ကလည်းအသုဘအတွက်ချမယ်နေရာသင်္ဂျိုင်းလေး တစ်နေရာလောက်ရှိမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့ဥပမာ- ရောဂါကြောင့်သေတဲ့လူနာဖြစ်ဖြစ်၊အသက်ကြီး ပြီးသေတဲ့ လူဘဲဖြစ်ဖြစ်၊ယာဉ်တိုက်မှုကြောင့်သေတာဘဲဖြစ်ဖြစ်မြန်မာနိုင်ငံသားအတွက်ဂုဏ်သရေရှိရှိနဲ့နဲ့သဂြိုလ်လို့ရမယ့်နေရာတစ်ခုတော့ရှိစေချင်တယ်။

ထိုင်းဘက်ကိုတော့ကျနော်တို့တောင်းဆိုထားတာ ကြာနေပါပြီးသူတို့ဘက်ကလည်းကျနော်တို့ကိုနားလည်မှု အများကြီးပေးထားပါတယ်။ဒါပေမယ့်အကြီးပိုင်းကဆုံးဖြတ်ချက်တစ်ခုနဲ့မပြီးဘူးလေး။  အငယ်ပိုင်းတွေလူထုတွေဖက်က ကန့်ကွက်ရင်တော့သူတို့ဘာမှလုပ်ပေးလို့ရမှာမဟုတ်ဘူးအနေထားကအဲဒီလိုရှိတော့သေတဲ့လူတွေကိုသဂြိုလ်မယ့်သင်္ဂျိုင်းကအခက်ခဲဖြစ်နေတာပေါ့။ ဒါပေမဲ့ ထိုင်းဘက်ကလည်းပြောပါတယ်မယ်တော်က မြေနေရာ  တနေရာ ၀ယ်နိုင်ပါကဘယ်သူနဲ့သွားပြီးဆွေးနွေးခဲ့သလဲဘယ်နေရာမှာလုပ်မလဲပြီးရင်သူတို့ကိုအကြောင်းကြားသူတို့စဉ်းစားပြီး ဆွေးနွေးပေးမယ်လို့ဂတိပေးပါတယ်။သို့သော် ယနေ့ချိန်အထိပြေလည်မှုမရှိသေးပေ။

မယ်တော်ဆေးခန်းသည် (၁၉၈၈) ခုနှစ်အရေးတော်ပုံနောက်ပိုင်းဖြစ်လာခဲ့သည့်လူထုအခြေခံဆေးခန်းဖြစ်ပြီးအခမဲ့ကုသပေးသည့်ဆေးခန်းဖြစ်ပါသည်။ဒေါက်တာစင်သီယာမောင်ကဦးဆောင်ပြီးတိုင်းရင်းသားဆေးဝန်ထမ်းများကိုသင်ကြားပေးပြီးဆောင်ရွက်လာခဲ့ပါသည်။တလလျှင်လူနာပေါင်းတသောင်းခွဲမျှကုသလာခဲ့သည့်မယ်တော်သည်ယနေ့အချိန်၌ ထောက်ပံ့မှုနည်းလာသဖြင့် အခက်ခဲတွေကြားက  ရပ်တည်နေရသည်။

မယ်တော်ဆေးခန်းကို ထောက်ပံ့လာသော နိုင်ငံတကာြွဥ များသည် ပြည်တွင်းသို့ ၀င်ရောက်လုပ်ကိုင်ခဲ့ကြသဖြင့် မယ်တော်အားထောက်ပံ့မှု နည်းပါးလာခြင်းဖြစ်ပါသည်။  မယ်တော်သည် ပြည်တွင်းသို့ အခြေချရန် ပေါ်လစီ မရှိသ ဖြင့် ထိုင်းနိင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအတွက် ကျန်းမာေ၇းစောင့်ရှောက်ရန် လိုအပ်နေသော်လည်း မယ်တော်၏အနာဂတ်သည် မယ်တော်၏ အနာဂတ်သည် အခက်အခဲများနှင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း ဆေးဝန်ထမ်းများကဆိုပါသည်။




ရွှေဟင်္သာ သတင်းဌာန

0 comments: