ထိုင်းနိုင်ငံသားများ အိမ်နီးချင်းနိုင်ငံများ၏ ဘာသာစကား သင်ယူရန် ပညာရှင် သတိပေး



၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာမည့် အာစီယံ စီးပွားရေး အသိုက်အမြုံသည် ထိုင်းနိုင်ငံအတွက် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်ရနိုင်ကြောင်း ပညာရှင်များက သတိပေးပြီး အိမ်နီးချင်း နိုင်ငံများ၏ ဘာသာ စကားကို မတတ်ကျွမ်းပါက မနက်ဖြန်တွင် ရှုံးနိမ့်သူများဖြစ်လာနိုင်ကြောင်း သတိပေးပြောဆိုလိုက်သည်။
နယ်စပ်တလျှောက်ရှိ ထိုင်းနိုင်ငံသားများသည် အိမ်နီးချင်း နိုင်ငံများ၏ ဘာသာစကားကို ပြောဆို နေကြသော်လည်း လုံလောက်မှုမရှိကြောင်း၊ အင်္ဂလိပ်ဘာသာစကားကိုပါ သင်ယူရန်လိုအပ်ကြောင်း ပညာရှင်များမှ ထိုင်းလူအဖွဲ့အစည်းအား စဉ်ဆက်မပြတ် ပြောဆိုလာခဲ့သည်။
Learn more »

0 comments:

နွမ်းပါးသည့် ကလေးငယ်များ စိတ်ဓာတ်မြှင့်တင်ရေးပွဲ နန်းခင်ဇေယျာ ပါဝင်ကူညီ


မေလ ၁ ရက်နေ့ အလုပ်သမားနေ့တွင် ကျင်းပသည့် နွမ်းပါးသည့် ကလေးငယ်များ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးခြင်း အားသစ်လောင်း အစီအစဉ်တွင် မစ္စ မြန်မာ နန်းခင်ဇေယျာ ပါဝင်ကူညီခဲ့ကြောင်း သိရသည်။

ယင်းအစီအစဉ်ကို ဂရုဏာ လူမှု မြှင့်တင်ရေးအဖွဲ့မှ ဦးစီးကျင်းပပြီး မေ ၁ ရက်နေ့က ပြည်သူ့ရင်ပြင်၌ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ၁၀ မြို့နယ်မှ ပရဟိတဂေဟာ ၁၂ ခုနှင့် ဆင်းရဲနွမ်းပါး ကလေးငယ် ၁၃၅၀ ဦးတို့ ပါဝင်ခဲ့ကြောင်း နန်းခင်ဇေယျာက ပြောသည်။
Learn more »

0 comments:

မယ်တော် ဆေးခန်း၏ အနာဂတ်ပြသနာ

ထိုင်းနိုင်ငံ မဲဆောက် ခရိုင်တွင် အခြေချနေသော လူထု အခြေပြု ကျန်းမာရေး ဆေးခန်းဖြစ်သည့် မယ်တော်ဆေးခန်းသည် ယခုအချိန်တွင် လာရောက် ကုသသည့် လူနာများ နည်းလာသလို၊ဆေးခန်း၌ တာဝန် ထမ်းဆောင်နေသော ဆေးဝန်ထမ်း များလည်းတဖြည်းဖြည်း လျှော့နည်း လာနေသည်ဟု မယ်တော်ဆေးခန်းမှ တာဝန်ရှိသူ စောခလို့ထူးက ဆိုပါသည်။
Learn more »

0 comments:

DKBA တပ်ရင်းများ ရွှေ့မပေးနိုင်


အပစ်အခတ် ရပ်စဲထားသည့် ဗိုလ်မှူးချုပ် စောလားဘွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်သော ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) ၏ တပ်ရင်း ၂ ခုအား အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ)မှ စေခိုင်းသလို မေလ ၄ ရက်နေ့တွင် ပြောင်းရွှေ့ပေးမည် မဟုတ်ကြောင်း DKBA ကလို့ထူးဘော စစ်ဗျုဟာမှူး ဗိုလ်မှူး စောဆန်းအောင် က ပြောဆိုလိုက်သည်။

DKBA-Army“ကျနော်တို့ကို ၄ ရက်နေ့ ၁၂ နာရီ တိတိချိန်မှာ ထွက်ခွာပေးဖို့ စာပေးပို့လာတယ်။ အဲဒီစာကို ကျနော်တို့ လက်ခံရရှိတယ်။ ကျနော်တို့လည်း ဟိုဖယ်၊ ဒီဖယ်၊ ဟိုသွား၊ ဒီသွား သွားလို့ မြေလည်း မရှိတော့ဘူး။ သွားရင်လည်း လွယ်တာမှ မဟုတ်တာ။
အောက်ခြေက ရဲဘော်တွေလည်း မခွာချင်ဘူး။ ခွာဖို့ အစီအစဉ် မရှိဘူး” ဟု မဇ္စျိမကို ပြောသည်။

Learn more »

0 comments: